DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၃-၃-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၃၁.၈.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေအားနည်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေး

တိုင်းဒေသကြီးနှင်‌့ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊နေပြည်တော်၊

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင်‌့

ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်

အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်

(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။