DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

Daily weather forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းက မန္တလေးတိုင်းဒေသကြီးနှင်‌့ တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင်‌့ ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ

တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင်‌့

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်း

တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင်‌့ ရန်ကုန်တိုင်းဒေသကြီးတို့တွင်

နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ရန်ကုန်(ဒဂုံမြောက်ပိုင်း)တွင်

(၄.၁၇)လက်မ၊ ရန်ကုန် (မင်္ဂလာဒုံ)တွင် (၂.၈၀)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် (၂.၃၆)

လက်မ၊ ငါ့သရောက်မြို့(စိုက်ပျိုးရေး)တွင် (၂.၂၀)လက်မ၊ မုံရွာ (ကြေးမုံ)တွင် (၂.၀၁)လက်မ၊

ငါန်းဇွန်မြို့တွင် (၁.၃၅)လက်မ၊ နွားထိုးကြီးမြို့ (စိုက်ပျိုးရေး)တွင် (၁.၂၈)နှင်‌့ ဝမ်းတွင်းမြို့

(စိုက်ပျိုးရေး) တွင် (၁.၂၇)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်

လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်

မုတ်သုံလေ အားနည်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင်‌့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ကယားပြည်နယ် တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊

မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင်‌့ ကျန်တိုင်းဒေသကြီးနှင်‌့

ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်နှင်‌့ ရှမ်းပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေး

တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။