DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Myanmar Daily Weather Report (25.7.2016)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊နေပြည်တော်၊ပဲခူး

တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်

နေရာကျဲကျဲ၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့

တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်း‌ဒေသကြီးတို့တွင်

နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာခန္တီးမြို့တွင်(၆.၃၈)လက်မ၊

မတ္တရာမြို့တွင်(၄.၇၂)လက်မ၊မာန်အောင်မြို့တွင်(၂.၈၀)လက်မ၊မြဝတီမြို့တွင်(၂.၅၂)လက်မ၊

မြစ်ကြီးနားမြို့တွင်(၂.၄၀)လက်မ၊ပူတာအိုမြို့နှင့်ပင်လယ်ဘူးမြို့တို့တွင်(၂.၂၁)လက်မစီ၊

ကာ့ကရိတ်မြို့တွင်(၂.၁၇)လက်မ၊မိုးကုတ်မြို့တွင်(၁.၉၆)လက်မ၊သီပေါမြို့တွင်(၁.၈၁)လက်မ၊

မုဒုံမြို့တွင်(၁.၇၃)လက်မနှင့်မချမ်းဘောမြို့တွင်(၁.၆၁)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားနည်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်း

ပြည်နယ်နှင်‌့ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်း

ဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်နေရာစိပ်စိပ်၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်

တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေး

တိုင်း‌ဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်

ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားနည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။