DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၁.၇.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊နေပြည်တော်၊

မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင်

နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်း

ပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊မွန်ပြည်နယ်တွင်ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်း၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာချောင်းဆုံမြို့တွင်(၅.၉၄)လက်မ၊ခန္တီးမြို့တွင်(၅.၃၉)လက်မ၊သံတွဲမြို့နှင့်

ကျိုက္ခမီမြို့တို့တွင်(၃.၅၁)လက်မစီ၊ဟားခါးမြို့တွင်(၃.၁၉)လက်မ၊မော်လမြိုင်မြို့တွင်(၂.၉၅)

လက်မ၊ညောင်လေးပင်မြို့တွင်(၂.၅၆)လက်မ၊တောင်ကုတ်မြို့နှင့်ထားဝယ်မြို့တို့တွင်(၂.၄၈)

လက်မစီ၊မုဒုံမြို့တွင်(၂.၄၄)လက်မ၊လောင်းလုံးမြို့တွင်(၂.၂၄)လက်မ၊ကျိုက်မရောမြို့တွင်

(၂.၀၈)လက်မ၊ရွှေကျင်မြို့တွင်(၂.၀၄)လက်မ၊ဟုမ္မလင်းမြို့တွင်(၁.၆၉)လက်မ၊သံတောင်ကြီး

မို့တွင်(၁.၆၈)လက်မ၊အမ်းမြို့နှင့်မဒေါက်မြို့တို့တွင်(၁.၅၄)လက်မစီတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင်မုတ်သုံလေအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားအသင့်

အတင့်မှအားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်း

ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်

နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင်‌့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီး

နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင်‌့ကမ်းလွန်ပင်လယ်ပြင်

တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့

ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊

ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်း

ဒေသကြီးတွင်နေရာအနှံ့အပြားနှင်‌့မန္တလေးတိုင်းဒေသကြီးတွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။