DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၄:   ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Daily Weather Forecast (22.9.2015)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကတနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်‌းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ကရင်ပြည်နယ်

တို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်

ဧရာဝတီတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊နေပြည်တော်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပါသည်။မှတ်သားဖွယ်ရာ

မိုးရေချိန်များမှာပေါင်မြို့တွင်(၁.၇၇)လက်မ၊ကျောက်တော်မြို့တွင်(၁.၅၀)လက်မ၊ရန်ကုန်(မြို့လယ်)

တွင်(၁.၁၉)လက်မနှင့်မုဒုံမြို့တွင်(၁.၀၂)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံ

လေအားနည်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊စစ်ကိုင်း

တိုင်း‌ဒေသကြီးအထက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်း

ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်

ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေ

များဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။