၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်ရွာသွန်းမြဲထက်
ပိုနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်
ရွာသွန်းမြဲခန့်ရွာနိုင်ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်လျော့နည်း
နိုင်ပါသည်။
မိုးရွာရက်အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ချင်းြပည်နယ်တို့တွင်(၅)ရက်မှ(၆)ရက်ခန့်နှင့်
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၃)ရက်မှ(၄)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။