DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၄:   ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၁၇.၈.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး

နှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်း

ဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ဧရာဝတီတိုင်း ဒေသကြီးနှင့်ချင်း

ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုး

ထစ်ချုန်းရွာခဲ့ပြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာကျောက်ဖြူ မြို့တွင်(၄.၀၁)လက်မ၊ကျိုက္ခမီမြို့တွင်(၃.၅၄)လက်မ၊အမ်းမြို့

နှင့်သထုံမြို့တို့တွင်(၂.၇၅)လက်မစီ၊ပဲခူးမြို့တွင်(၂.၆၀)လက်မ၊ချောင်းဆုံမြို့တွင်(၂.၄၄)လက်မ၊

မုဒုံမြို့တွင်(၂.၃၆)လက်မနှင့်ဘီးလင်းမြို့တွင်(၂.၀၉)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်မုတ်သုံလေအား

အသင့်အတင့်ရှိနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ

အားနည်းနေပါသည်။
 
မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာ

ကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊မန္တလေး

တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်

နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း

တို့တွင်မိုးပိုလာနိုင်ပါသည်။       

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုး

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။