DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Daily weather forecast (၃၁.၇.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်လျက်ရှိသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်”

(Komen)သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်

ရွေ့ရှားလျက်ရှိပြီး ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း တဖြည်းဖြည်းအားပျော့သွားမည်ဟု

ခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ

အားကောင်းရာမှအားအလွန်ကောင်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ တစ်ပြည်လုံးတွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်း

ဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း

ဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်မန္တလေးတိုင်း

ဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏ

မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှမိုင်(၅၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာပြီး၊

တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။  မိုးအသင့်အတင့်ထစ်ချုန်းရွာပြီး၊

တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။