DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၂၄.၆.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကျား၊မန္တလေး

တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်း

ဒေသကြီးအထက်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးရွာခဲ့ပြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်

ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်ချင်းပြည်နယ်တွင်နေရာကွက်၍

မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမုဒုံမြို့တွင်(၆.၇၇)လက်မ၊ပလက်ဝမြို့တွင်(၆.၆၉)

လက်မ၊ရေးမြို့တွင်(၆.၄၉)လက်မ၊အမ်းမြို့တွင်(၆.၁၄)လက်မ၊ကျိုက္ခမီမြို့တွင်(၅.၉၁)လက်မ၊

ချောင်းဆုံမြို့တွင်(၅.၄၃)လက်မ၊ထားဝယ်မြို့တွင်(၅.၂၄)လက်မ၊မော်လမြိုင်မြို့တွင်(၅.၀၀)လက်မ၊

မြောက်ဦးမြို့တွင်(၄.၈၄)လက်မနှင့်လောင်းလုံးမြို့တွင်(၄.၈၀)လက်မ၊ဘားအံ(စိုက်ပျိုးရေး)နှင့်

ပေါင်မြို့တို့တွင်(၄.၆၅)လက်မစီ၊ကျောက်တော်မြို့တွင်(၄.၄၅)လက်မ၊တောင်ကုတ်မြို့တွင်(၄.၃၇)

လက်မ၊ကျိုက်မရောမြို့တွင်(၄.၂၀)လက်မနှင့်ဘီးလင်းမြို့တွင်(၄.၁၇)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားကောင်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ

တုံကင်ပင်လယ်ကွေ့(တောင်တရုတ်ပင်လယ်ပြင်)တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ကူဂျီရာ”

(Kujira)သည်ဗီယက်နမ်နိုင်ငံ၊ကမ်း‌ခြေမြောက်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်

နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

ဒေသအလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီး

နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ

မိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင်မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကမ်းရိုးတန်းဒေသများတွင်မိုးဆက်လက်ပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ရွာမည်။ရွာရန်

ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။