နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊
နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်း ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေ
သကြီးအထက်ပိုင်းတွင်နေရာစိပ်စိပ်နှင့်တနင်္သာရီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာအနှံ့အပြား
မိုးထစ်ချုန်းရွာခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမင်းတပ်မြို့တွင်(၂.၄၀)လက်မ၊အမ်းမြို့တွင်(၁.၅၄)
လက်မ၊ခန္တီးမြို့နှင့်လှိုင်းဘွဲ့မြို့တို့တွင်(၁.၅၀)လက်မစီနှင့်မြောက်ဦးမြို့တွင်(၁.၂၆)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်
တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားအနည်းငယ်မှအားအသင့်အတင့်ရှိနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်
ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူး
တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်
(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်
မိုးထစ်ချုန်းရွာပြီး၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်
(တောင်ပိုင်း)၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ပြီးမိုးကြီးနိုင်ပါသည်။ရွာရန်
ရာနူန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်
(၃)ပေမှ(၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်မိုးဆက်လက်ပိုနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။နေရာကွက်ကျား ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။