နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။မကွေးတိုင်းဒေသကြီး၊
ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်သာယာပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်
တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ြမန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၃)ပေမှ(၅)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင်ညအပူချိန်များလျော့နည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။