DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၄-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ   ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၂၃.၅.၂၀၂၄)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၂၃-၅-၂၀၂၄) ရက်နေ့ ထုတ်ပြန်ချက် 

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

တိမ်ထူမည်။ ၂၈ ၃၉ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၇ ၃၉

ရန်ကုန်

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၅ ၃၈ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၅ ၃၈

တိုကျို

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၁၉ ၂၅ မိုးထစ်ချုန်းရွာမည်။ ၁၈ ၂၉

ပေကျင်း

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၁၇ ၃၁ တိမ်ထူထပ်မည်။ ၁၆ ၂၄

ဟောင်ကောင်

မိုးထစ်ချုန်းရွာမည်။ ၂၄ ၂၈ မိုးထစ်ချုန်းရွာမည်။ ၂၄ ၂၇

မနီလာ

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၈ ၃၆ မိုးထစ်ချုန်းရွာမည်။ ၂၈ ၃၅

ဟနွိုင်း

မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၂ မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၂

ကွာလာလမ်ပူ

မိုးထစ်ချုန်းရွာမည်။ ၂၃ ၃၅ မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၅

ဂျာကာတာ

မိုးထစ်ချုန်းရွာမည်။ ၂၆

၃၃

မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၃

စင်ကာပူ

အများအားဖြင့်သာယာမည်။ ၂၆ ၃၄ မိုးထစ်ချုန်းရွာမည်။ ၂၇ ၃၂

ဘန်ကောက်

မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၂ မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၁

ဗီယန်ကျင်း

မိုးထစ်ချုန်းရွာမည်။ ၂၄ ၃၀ မိုးထစ်ချုန်းရွာမည်။ ၂၄ ၃၀

ဖနွမ်းပင်

မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၅ မိုးထစ်ချုန်းရွာမည်။ ၂၇ ၃၆
ဒါကာ အများအားဖြင့်သာယာမည်။ ၂၈ ၃၇ အများအားဖြင့်သာယာမည်။ ၂၈ ၃၈
ကိုးကာတား အများအားဖြင့်သာယာမည်။ ၂၈ ၃၆ အများအားဖြင့်သာယာမည်။ ၂၉ ၃၈
ကိုလံဘို သာယာမည်။ ၂၃ ၂၉ အများအားဖြင့်သာယာမည်။ ၂၄ ၃၂
နယူးဒေလီ မြူကျမည်။ ၃၁ ၄၂ သာယာမည်။။ ၃၂ ၄၃