Thursday, November 10, 2022 - 12:15

မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၃၁)မိနစ်၊ (၀၈) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၈၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Eastern Xizang-India Border Region)၊ မြောက်လတ္တီတွဒ် (၂၈.၄၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၉)ဒီဂရီ၊ အနက် (၅၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၅) အဆင့်အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။