Saturday, October 29, 2022 - 12:45

မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၀၈)မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၃၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၉)ဒီဂရီ၊ အနက် (၈၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။