မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၁၆)မိနစ်၊ (၅၈)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၈၀၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Eastern New Guinea Reg.,P.N.G)၊ တောင်လတ္တီတွဒ် (၆.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၄၆.၆၁) ဒီဂရီ၊ အနက် (၉၆)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၆)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။