Sunday, July 24, 2022 - 20:15

မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၄၁)မိနစ်၊ (၁၄)စက္ကန့်အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၁၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၇)ဒီဂရီ၊ အနက် (၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။