Friday, July 22, 2022 - 00:15

မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၉၁)ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။