Friday, June 3, 2022 - 00:15

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၅)မိနစ်၊ (၂၆)စက္ကန့်အချိန် တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကွန်ဟိန်းမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၅၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၂၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။