DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါသည်။

 

Earthquake News

မြေငလျင်သတင်း                       

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၄၆)မိနစ်၊ (၀၈) စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ  အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ၊ မြန်မာ နိုင်ငံပြည်တွင်း (‌ရေတာရှည်မြို့၏ တောင်-အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၇)ဒီဂရီ၊ အနက် (၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။