
မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ်၊ (၄၀) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၄၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၈)ဒီဂရီ၊ အနက်(၉၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။