DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၃၀.၁၁.၂၀၂၀)  ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trincomalee)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ (Kanyakumari)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၆၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန်၀၀:၅၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၃၉)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ  မြောက်-အနောက်မြောက်ဘက် (၄၁) မိုင်ခန့် ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့အနောက်‌-အနောက်တောင်ဘက် (၁၇)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၇၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆. ၁၀)ဒီဂရီ၊ အနက် ()ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။