
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၃း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃) နာရီ၊ (၂၄) မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၃)မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ တောင်-အရှေ့တောင်ဘက်(၂၂)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၃)ဒီဂရီ၊ အနက်(၁၀၀)ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။