
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၆)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၇၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုးညှင်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၂၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄)ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။