
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၁း၂၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၅၆)မိနစ်၊ (၄၂) စက္ကန့်အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၇)မိုင် ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၄.၇၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၅)ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။