Saturday, July 18, 2020 - 22:00

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၁)မိနစ်၊ (၃၅)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၃)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။