Friday, July 17, 2020 - 21:45

မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၁၃)မိနစ်၊ (၁၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၆၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၁.၇၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၂)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။