
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၃း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၃၅) မိနစ်၊ (၄၅)စက္ကန့် အချိန် တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ မြောက်-အနောက်မြောက်ဘက်(၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၀.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၁၇)ဒီဂရီ၊ အနက်(၄၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။