
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၀း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၄၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အရှေ့မြောက်ဘက်(၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၈.၂၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။