
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၈း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၇)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၀၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မူဆယ်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၁၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။