
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၁း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ မေလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၁၃)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၄၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၂.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက် (၃၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။