
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၅း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ မေလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၄၅)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်မြောက်ဘက် (၁၈)မိုင် ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၁.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၇)ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။