
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၂၀)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် ဟာခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၇၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁)ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။