Thursday, March 19, 2020 - 05:15

မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၁)မိနစ်၊ (၅၂)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၈၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တန့်ယန်းမြို့၏ အရှေ့တောင်ဘက် (၁၆)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၃၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၆၂)ဒီဂရီ၊ အနက်(၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။