
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၁း၂၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၅၆)မိနစ်၊ (၂၃) စက္ကန့်အချိန်တွင် ညောင်ဉီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပေါက်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၇)ဒီဂရီ၊ အနက်(၄၆)ကီလိုမီတာ ခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။