
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၉း၃၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၀၇)မိနစ်၊ (၁၅) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်(၁၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မတ္တရာမြို့၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၂၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။