DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၃-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ(၅၀)မိနစ်(၁၀)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၆၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၃.၁၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၅၃)ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။