Wednesday, September 11, 2019 - 03:15

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၃:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၄၈)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၇)ဒီဂရီ၊ အနက် (၅၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။