Tuesday, July 23, 2019 - 06:00

မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၃၁)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၄၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၈)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။