Friday, July 5, 2019 - 12:00

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၁:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ တောင်ဘက် (၉၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြန်မာ့ပင်လယ်ပြင်၊ မာန်အောင်မြို့၏ အနောက်-အနောက်တောင်ဘက် (၄၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၀၈)ဒီဂရီ၊ အနက် (၇၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။