Tuesday, April 16, 2019 - 20:00

မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၂၈)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်မြောက်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၇၈) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။