Monday, April 15, 2019 - 21:15
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၆)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့ဘက် (၁၆)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၂.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၂) ဒီဂရီ၊ အနက်(၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။