မြေငလျင်သတင်း ထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၂၀)မိနစ် (၅၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်-အနောက်တောင် ဘက် (၃) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၀.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈)ဒီဂရီ၊ ဗဟိုချက်အနက် (၄၆)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိခဲ့ပါသည်။