Wednesday, November 21, 2018 - 10:00

မြေငလျင်သတင်း
မြန်မာစံတော်ချိန် ( ၁၀း၀၀)နာရီ ထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၁၈)မိနစ် (၄၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၄၇) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၅၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၈) ဒီဂရီ၊ ဗဟိုချက်အနက် (၂၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၃.၈) အဆင့် ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ ပါသည်။