Wednesday, November 21, 2018 - 01:00

မြေငလျင်သတင်း
မြန်မာစံတော်ချိန် ( ၀၀း၅၀)နာရီ ထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၁၉)မိနစ် (၁၉)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၅၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းပြားမြို့၏ အရှေ့ဘက် (၂၇) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၀)၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၉)၊ ဗဟိုချက် အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။