Sunday, November 11, 2018 - 20:15

မြေငလျင်သတင်း
မြန်မာစံတော်ချိန် ( ၂၀း၁၀)နာရီ ထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၃၇)မိနစ် (၄၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သာယာဝတီမြို့၏ အရှေ့မြောက် ဘက် (၁၅) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၇.၈၀)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၄)၊ ဗဟိုချက် အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။