DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၁-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၀၁)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၁၉၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Yunnan, China) မြောက်လတ္တီတွဒ် (၂၃.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၁.၅၇) ဒီဂရီ၊ အနက်(၂၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။