DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ တောင်- အရှေ့ တောင်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၆)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သီပေါမြိ့ု၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၂.၅၇၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၃၂၈ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။