မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၅)မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင်(၁၀၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၂၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ ဒီဂရီ၊ အနက်(၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။