မြေငလျင်သတင်း
မြန်မာစံတော်ချိန် (၁၅း၀၀ )နာရီထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ၊ ဧပြီလ (၁၈) ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၂၅)မိနစ် (၄၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၄၆)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဖျာပုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၃၅)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၆.၂၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၉)ဒီဂရီ၊ အနက် (၁၀)ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိခဲ့ပါသည်။