မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၁း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၁၁)မိနစ် (၄၄)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၄၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သံတွဲမြို့၏ တောင်-အနောက်တောင်ဘက်(၁၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၂၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၁ ဒီဂရီ၊ အနက် (၃၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။